Wednesday, September 19, 2018

လက်ရှိအချိန်ပေါ့

Saturday, August 22, 2009

မှတ်တမ်းများဓါတ်ပုံ


ကိုယ်အလုပ်လုပ်ခဲ့တဲ့နေရာလေးပါ။ပြီးခဲ့ပါပြီ။။။။

Friday, August 21, 2009

အခုတလောအတွေးများ

၁.တွေးနေမိတာက...




မှူန်ဝါးနေတဲ့ရှေ့ရေးတွေပါ။









၂.ကိုယ်ကိုယ်ကိုပြန်ဆင်ခြင်မိနေတာကတော့..




မာနကြီးတယ်။အစွန်းရောက်တယ်။









၃.နားထောင်ဖြစ်တာကတော့...









Slow Rock..ကလေးတွေပေါ့




Un Break My Heart.Toni Braxton









၎.ဖတ်ဖြစ်တဲ့စာအုပ်တွေက









က။ရေးသူအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်းဘဝ)




ခ။သခင်တင်မြ(ဘုံဘဝမှာဖြင့် )




နိုင်ငံရေးသမားများနဲ့ ပေါင်းမိလို့ ပါ(ဇော်မျိုးသိန်း..ကရင်...အာတူးဝမ်း..)




၅.ဖြစ်ချင်နေတာက..









ကြီကျယ်ခန်းနားတဲ့လိုတိုင်းတရနိုင်တဲ့ဘဝ..









၆.လက်ရှိဖြစ်နေတာက..









အလုပ်မရှိတာ(၄)လရှိသွားပြီ...









၇.လွမ်းနေမိတာကတော့..









မိသားစုစုံစုံလင်လင်နဲ့ အပူအပင်ကင်းတဲ့ကလေးဘဝကိုပါ။









၈.မုန်းနေမိတာကတော့..









လက်ရှိဘဝကိုပါ။ပြီးတော့ ဉီးနှောက်မရှိတဲ့အရက်သမားများ(စော်ကားခံခဲ့ရလို့ ပါ။)







၉.တမ်းတမိနေတာက..







မိမိကိုအားငယ်နေရင်အားပေးတတ်မဲ့ချစ်သူ.ကိုယ်ဘဝကိုနားလည်ပြီးသောကတွေကူဖျောက်



ပေးမယ့်သူပေါ့။..







၁၀.ကြိတ်ပြီးလေးစားနေတာက..







အခွင့်အရေးမယူပဲကိုယ်ကျိုးစွန့် သူ..







၁၁.ကြိတ်ပြီးအထင်သေးနေမိတာက..







ပြောတော့တစ်မျိုးလုပ်တော့တစ်မျိုးလူစားများ..







၁၂.ဆန္ဒမရှိတဲ့နေရာ







လူဖြစ်ပြီးလူ့ အခွင့်အရေးမရှိတဲ့နေရာများ....







၁၃.ဆန္ဒရှိနေတာက...







သီချင်းတွေကိုလွတ်လပ်စွာသံကုန်ဟစ်ပြီးပေါက်ကွဲပစ်လိုက်ချင်တယ်။။။







၁၄.စိတ်ပျက်နေမိတာက







အချိန်ကုန်ခံပြီးစောင့်မျော်နေတဲ့အလုပ်မရခဲ့လို့ ပါ။။







၁၅.စွဲလမ်းနေတာ







Proevolution soccer ထဲက



Shwe United အသင်းရဲ့ ကစားပွဲတွေပေါ့၂၀၄၁ကိုရောက်နေပြီ။။







၁၆.လိုအပ်နေတာက







လခကောင်းပြီးစိတ်ချမ်းသာတဲ့အလုပ်နဲ့ ဈေးသက်သက်သာသာနဲ့ အိမ်ခန်း



ကျယ်ကျယ်ပေါ့(လူတိုင်းလိုအပ်မဲ့အရာပါထူထူဆန်းဆန်းမဟုတ်ပါဘူး)







၁၇.တောင်းနေမိတဲ့ဆု







Lotto Millioner အခုချက်ချင်းဖြစ်ရပါလို၏။။။







စိုင်းသန်းထွန်း(ဂျာမဏီ)၂၂.၈.၂၀၀၉